Search This Blog

Monday, February 1, 2016

ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ

ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ



(မောင်မိုးမြင့်)



အရေပြားအနှံ့ မီးလောင်ဖုတွေ ပေါက်နေသလို
စိတ်က အဖတ်လိုက် ကွာကျလာ
စိုးရိမ်မှု့တွေ သောကတွေနဲ့ အာခေါင်တစ်လျှောက်
လက်ဖျား လက်သည်းခွံကြားထဲအထိ
ကိုယ် အေးစက် နာကျင်နေခဲ့ရ ။

သွေးသား ၊ ငွေကြေး ၊ ချစ်ခြင်းမေတ္တာ ၊ အဆင့်မှီ လူ့အဖွဲ့အစည်း
အပြုသဘောဆောင် အသက်အရွယ် အပိုင်းအခြား
" ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ကလွဲရင်
ဘာကိုမှ သိပ်အယုံ အကြည် မရှိလှပါဘူး "
လူကို ငွေကြေးနဲ့ မျှားမယ် ဒါမှ မဟုတ်
ငွေကြေးကို လူနဲ့ ပြန်မျှားမယ် ။
ကစဥ့်ကလျား စိုးရိမ်မှု့တွေ ပူးကပ်ပျော့ခေါက်
အာခေါင်ထဲက နှိုက်ထုတ်လိုက်ရတဲ့
ခေတ်ရဲ့ လိုအပ်ချက် တောင်းဆိုမှု့တစ်ချို့
အကျိုးအကြောင်း အဆိုးအကောင်းတွေပါပဲကွယ်
အသက်ရှင် နေထိုင်မှု့ ပုံရိပ်က တစ်စ တစ်စ
မှုံရီေ၀၀ါးလာခဲ့
ကားဟွန်းသံတွေရဲ့ အောက်မှာ
ကျနော့်အပေါ်ထားတဲ့ အမေ့မျှော်လင့်ချက်
ထုနဲ့ ထည်နဲ့ကို အရည်ပျော်ကျလုပြီ ။
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
Science is the Gods,
ရုပ်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု့တွေကို
အားပါးတရ ရယ်မောပစ်လေ့ရှိတယ် ။
ယုံကြည်မှု့ လွန်ကဲခြင်း ဖြစ်စဉ်မှာ
အရင်းအနှီးတွေ အရမ်းများတာပဲ မြို့မလေးရယ်
အဲ့ဒီ လျှာ ဖျား လေး ပေါ့
ကြိမ်လုံးဖြစ်လိုက် ၊ ဓားသွားဖြစ်လိုက်
ဘာသာ ဗေဒရဲ့ အသိမ့်မွေ့ဆုံး ကူးလူးမှု့
အရှိတရားဟာ အပေါစား အရက်တစ်ခွက်ပဲ
တန်ဖိုးနိမ့်ကျခြင်း ၊ အရသာ ပျက်စီးခြင်း ၊ ပုံမှန် မဟုတ်ခြင်း
အနုတ်လက္ခဏာတွေနဲ့ ပြည့်နှက်နေတဲ့
ေ ဘး ထွ က် ဆိုး ကျိုး မေ လး
သက်ကွင်းထဲရောက်အောင် လာခဲ့မယ် ။ ။



- မောင်မိုးမြင့်

1 comment:

  1. မင်းရဲ့စစ်မှန်တဲ့စာလုံးပေါင်းမှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည် Zara Matteo ပါ ဒါကတကယ့်ကိုမယုံနိုင်စရာပါပဲ။ ငါ့ဘဝမှာဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး။ ခင်ဗျားနဲ့မတွေ့ခင်ဆရာ၊ ကျွန်တော်ခင်ပွန်းကိုပြန်ပို့နိုင်ဖို့ဖြစ်နိုင်ခြေရှိရှိသမျှကြိုးစားခဲ့ပေမဲ့ကျွန်တော့်အတွက်ဘာမှအကျိုးမရှိဘူး၊ ကျွန်တော့်ခင်ပွန်းကကျွန်တော့်ကိုမုန်းတီးစိတ်ဖြစ်စေခဲ့တယ်။ ကျွန်တော့်ခင်ပွန်းဟောင်းနှင့်ပြန်လည်ဆုံစည်းရန်မျှော်လင့်ချက်မရှိဟုထင်ခဲ့သည်။ DR WHITE ကတခြားသူတွေကိုဘယ်လိုကူညီပေးတယ်ဆိုတာနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်ခြင်းကောင်းကောင်းဖတ်တဲ့အခါငါ +17168691327 ကနေသူ့ဆီမက်ဆေ့ခ်ျပို့ဖို့ဆုံးဖြတ်လိုက်တယ်။ ကြိုးစားရန်နှင့်ငါသူသည်ငါ့ကိုညွှန်ကြားသမျှကိုပြု။ ငါသူ့ကိုယုံကြည်စိတ်ချခြင်းနှင့်ငါ 48 နာရီအတွင်းသူသည်ငါ့ကိုအာမခံထားသကဲ့သို့ငါသည်သူ၏ညွှန်ကြားချက်ကိုလိုက်နာ, ပြီးတော့ငါ့အဟောင်းငါ့ကိုခေါ်ခဲ့သည်။ ဆာ, ငါတို့ယခုယခင်ကထက်ပျော်ရွှင်ကြသည်။ အရာအားလုံးပြီးပြည့်စုံသောကြောင့်ဒါသဘာဝက! သင့်ရဲ့စစ်မှန်ခြင်းနှင့်အငြင်းပွားစရာမရှိတဲ့စာလုံးပေါင်းများအတွက်ဆရာကျေးဇူးတင်ပါတယ်။ သူ့အီးမေးလ်ပြန်ပို့

    wightmagicmaster@gmail.com

    .com မင်းသူ့ကို Whatsapp လည်းလုပ်နိုင်တယ်။
    +17168691327

    ReplyDelete